ဘန်ဂျမင်တက်ကာ ဘော်စတွန်မင်းမဲ့ဝါဒီ
Cory Massimino. Benjamin Tucker, Boston Anarchist, April 22 2015.
ပြည်တွင်းစစ်သည် ဆယ်စုနှစ်များစွာကြာသည်အထိ ပြန်လည်ကောင်းမွန်လာမည်မဟုတ်သည့် အမေရိကန် လစ်ဘာတားရီယန်းဝါဒီလှုပ်ရှားမှုများအတွင်း ကြီးမားသော ဂိုဏ်းဂဏကွဲလွဲမှုများကို ဖြစ်ပေါ်စေခဲ့သည်။ ကျွန်စနစ်ဖျက်သိမ်းရေးလှုပ်ရှားသူများအကြား အတွင်းပဋိပက္ခများဖြစ်လာခဲ့သည်။ ကျွန်စနစ်ဖျက်သိမ်းရေးသမားအချို့က တောင်ပိုင်းကို ကျူးကျော်စစ် ဆင်နွှဲရန် လိုလားကြသည်။ ၎င်းတို့သည် စစ်ပွဲကို မလွှဲမရှောင်သာအဖြစ် မြင်ပြီး ကျွန်စနစ်အဆုံးသတ်ရန် လိုအပ်သည်ဟု ယုံကြည်ကြသည်။ တစ်ဖက်ကမူ စစ်ပွဲသည် ဆိုးရွားသော ကိုယ်ကျင့်တရားဆိုင်ရာ မှားယွင်းမှုဖြစ်ပြီး ကျွန်စနစ်အဆုံးသတ်ရန် မလိုအပ်ဟု ယူဆကြသည်။ ၎င်းသည် လစ်ဘာတားရီယန်းလှုပ်ရှားမှုအား လွတ်လပ်သောတွေးခေါ်မှုလှုပ်ရှားမှု၊ လွတ်လပ်သောချစ်ခြင်းမေတ္တာလှုပ်ရှားမှုနှင့် အလုပ်သမားလှုပ်ရှားမှုကဲ့သို့သော အခြားရယ်ဒီကယ် လူမှုလှုပ်ရှားမှုများအဖြစ် ကွဲထွက်စေခဲ့သည်။ ၁၈၆၅ ခုနှစ်နောက်ပိုင်းတွင် တစ်သီးပုဂ္ဂလလစ်ဘာတားရီယန်း အစဉ်အလာသည် ကွဲပြားသော လစ်ဘာတားရီယန်း လှုပ်ရှားမှုအတွင်းတွင်တင်မကပဲ ကျယ်ပြန့်သော လူမှုလှုပ်ရှားမှုများအတွင်းတွင်လည်း ရယ်ဒီကယ်အင်အားစုတစ်ခုအဖြစ် ဆက်လက်ရပ်တည်ခဲ့သည်။ စစ်ပွဲကြောင့် နိုင်ငံတော်ဝါဒီများ အဆမတန် တိုးတက်လာမှုနှင့် ရယ်ဒီကယ် တစ်သီးပုဂ္ဂလဝါဒီလစ်ဘာတားရီယန်းများ၏ အတွေးအမြင်များ ကြီးထွားလာမှုတစ်ဖန်နှေးကွေးလာြခင်းကို ထည့်သွင်းစဉ်းစားခြင်းဖြင့် လွတ်လပ်မှု၏ မီးတောက်သည် တစ်ဆတစ်ဆ ငြိမ်း၍လာပြီဟု ဆိုရပေမည်။
ဘန်ဂျမင်တက်ကာ သည် ဧပြီလ ၁၇ ရက် ၁၈၅၄ တွင် မက်ဆာချူးဆက်တွင်မွေးဖွားခဲ့ပြီး ကွေကာ ခရစ်ယာန် ဘာသာရေး အဖွဲ့အစည်း နှင့် ရယ်ဒီကယ် ယူနီတာရီယန် ခရစ်ယာန် ဘာသာရေး အဖွဲ့အစည်းတို့ လွှမ်းမိုးမှုပြင်းထန်သော မိသားစုတွင်ကြီးပြင်းခဲ့သည်။ ဘန်ဂျမင်တက်ကာသည် အမ်အိုင်တီကျောင်းတွင် တက်ရောက်ရန် စာရင်းသွင်းခဲ့သော်လည်း ထင်ရှားသော တစ်သီးပုဂ္ဂလမင်းမဲ့ဝါဒီ သုံးဦးဖြစ်သော Ezra Heywood၊ William Greene နှင့် Josiah Warren တို့နှင့် ၁၈၇၂ ခုနှစ်အတွင်း ဘော်စတွန်ရှိ နယူးအင်္ဂလန် အလုပ်သမား ပြုပြင်ပြောင်းလဲရေး အဖွဲ့ချုပ် အစည်းဝေးကြီးတွင် တွေ့ဆုံပြီးနောက် မင်းမဲ့ဝါဒီတက်ကြွလှုပ်ရှားသူ၊ သတင်းစာဆရာ နှင့် စာစီစာကုံးဆရာတစ်ဦး ဖြစ်လာခဲ့သည်။ သူ၏ ယုံကြည်ချက်များသည် အလုပ်သမားလှုပ်ရှားမှုနှင့် ခိုင်ခိုင်မာမာ ကိုက်ညီမှုရှိပြီး (သူ၏ရယ်ဒီကယ်မိတ်ဆွေများကဲ့သို့ပင်) လွတ်လပ်စွာတွေးခေါ်ခြင်းလှုပ်ရှားမှု၊ လွတ်လပ်သောချစ်ခြင်းမေတ္တာလှုပ်ရှားမှုတို့နှင့် ဆက်စပ်မှုအချို့ရှိသည်။ သို့သော် သူ၏ အတွေးအားလုံးတွင် ယေဘူယျပါဝင်နေသည့် အချက်မှာ တစ်သီးပုဂ္ဂလဝါဒဖြစ်သည်။
ဘန်ဂျမင်တက်ကာသည် သူ၏ တစ်သီးပုဂ္ဂလ မင်းမဲ့ဝါဒ သီအိုရီကို ဖန်တီးခဲ့သည်။ သူသည် သူ၏ တစ်သီးပုဂ္ဂလမင်းမဲ့ဝါဒ သီအိုရီကို “ဘော်စတွန်မင်းမဲ့ဝါဒ” အဖြစ် ခေါ်ဝေါ်ခဲ့သည်။ အကြောင်းမှာ လူမှုရေးပြောင်းလဲမှုအတွက် အကြမ်းဖက်မှုကို ပိုမိုနှစ်သက်စွာကျင့်သုံးကြသော “ချီကာဂိုမင်းမဲ့ဝါဒ” နှင့် ကွဲပြားစေရန်ဖြစ်သည်။ ဘန်ဂျမင်တက်ကာ၏ တစ်သီးပုဂ္ဂလမင်းမဲ့ဝါဒ၏ သီအိုရီသည် လူတစ်ဦးချင်း၏ အချုပ်အခြာအာဏာ၏ အခြေခံမူများနှင့် လုပ်အားတန်ဖိုးသီအိုရီအပေါ် အခြေခံထားသည်။
(လုပ်အားတန်ဖိုးသီအိုရီကို အက်ဒမ်စမစ်မှ စကာ သူ့ခေတ်သူ့အခါက ဘောဂဗေဒပညာရှင်များက ယေဘူယျအားဖြင့် လက်ခံခဲ့ကြသော်လည်း Carl Menger နှင့် Eugene Böhm von Bawerk ကဲ့သို့သော အစောပိုင်းသြစတီးယားဘောဂဗေဒပညာရှင်များ ဦးဆောင်သည့် “မာဂျင်နယ် တော်လှန်ရေး”အပြီးတွင် ဘောဂဗေဒအသိုင်းအဝိုင်းမှ ဆက်လက်မကျင့်သုံးကြတော့။)
၁၉ ရာစုမင်းမဲ့ဝါဒီများအတွက် လုပ်အားတန်ဖိုးသီအိုရီ သို့မဟုတ် “ကုန်ကျစရိတ်ကန့်သတ်ချက် ” သည် ၎င်းတို့ကိုယ်ကို သက်ရောက်သော အကြွင်းမဲ့အချုပ်အခြာအာဏာ၏ သဘာဝ တိုးချဲ့မှုဖြစ်သည်။ လုပ်အားသည် စည်းစိမ်ဥစ္စာအားလုံးအတွက် အရင်းအမြစ်အဖြစ် ရှုမြင်ကြပြီး အလုပ်သမားသည် ၎င်းတို့၏ လုပ်အား၏ အသီးအပွင့်များကို ၎င်းတို့၏ ကိုယ်ပိုင် ပိုင်ဆိုင်မှု တိုးချဲ့မှုအဖြစ် သဘာဝအတိုင်း ပိုင်ဆိုင်သည်ဟု ယုံကြည်ကြသည်။ ဘန်ဂျမင်တက်ကာ၏ တန်ဖိုးသီအိုရီအရ လူသားတို့သည် မိမိတို့၏ကိုယ်ခန္ဓာအပါအဝင် ၎င်းတို့၏ကိုယ်ပိုင်လုပ်အား၊ ကြိုးစားအားထုတ်မှုတို့ရောနှော၍ ၎င်းတို့ ပိုင်ဆိုင်လာကြရသည့်အရာများကို မှန်ကန်စွာထိန်းချုပ်ပိုင်ခွင့်ရှိသည်။ ဘန်ဂျမင်တက်ကာ၏ ၎င်းအမြင်သည် သူ၏ ကျင့်ဝတ်ခံယူချက်နှင့် ဆက်စပ်နေသည်။
ဘန်ဂျမင်တက်ကာနှင့် သူ၏ တစ်သီးပုဂ္ဂလမင်းမဲ့ဝါဒီများသည် အရင်းရှင်စနစ်ကို ဆန့်ကျင်ကြသော်လည်း လွတ်လပ်သောစျေးကွက်စနစ်ကိုမူ လိုလားလက်ခံကြသည်။ အရင်းရှင်များသည် အလုပ်သမားများထံမှ ပိုလျှံတန်ဖိုးကို အလွန်အကျွံထုတ်ယူခြင်းဖြင့် ထိုက်တန်သည်ထက် ပိုမိုချမ်းသာလာသည်ဟု ယုံကြည်ကြသည်။ ထိုသို့ပြုလုပ်နိုင်စေသော အရင်းရှင်စနစ်ကို နိုင်ငံတော်၏ ကိုယ်စားပြုအဖြစ် ရှုမြင်ကြသည်။ ဘန်ဂျမင်တက်ကာသည် လုပ်သားထု၏ လုပ်အားအသီးအပွင့်များကို နိုင်ငံတော်ဝါဒအောက်တွင် အထက်တန်းလွှာများက စနစ်တကျနှင့် အတင်းအကြပ်ယူနေကြသည်ဟု မှတ်ယူခဲ့သည်။ နိုင်ငံတော်အား အုပ်ချုပ်သူ လူတန်းစား၏ ဝါဒဖြန့်ယန္တရားအဖြစ် ရှုမြင်သည်။ ဘန်ဂျမင်တက်ကာသည် ငွေကြေး၊ မြေယာ၊ မူပိုင်ခွင့်နှင့် အခွန်စည်းကြပ်မှု စသဖြင့် စျေးကွက်လက်ဝါးကြီးအုပ်မှုကြီးလေးခုကို ဖော်ထုတ်ခဲ့သည်။ (Charles Johnson က ပို၍ပင် ဖော်ထုတ်ခဲ့သေးသည်။) ဤလက်ဝါးကြီးအုပ်မှုများ၏ အခန်းကဏ္ဍမှာ အရင်းအနှီးတို့အား လူအနည်းငယ်၏လက်ထဲတွင် စုဝေးကာ လုပ်အားခဖြင့် ကုန်ထုတ်လုပ်မှုဖြစ်စေသော လခစား စနစ်တစ်ခု ဖန်တီးရန်ဖြစ်သည်။ သို့သော် အဆိုပါ လက်ဝါးကြီးအုပ်မှုများ၏ မူလအစမှာ လွတ်လပ်သောဈေးကွက်တွင်မဟုတ်ဘဲ နိုင်ငံတော်တွင် တည်ရှိသည်ဟု ခံယူလေသည်။
အမေရိကန်မင်းမဲ့ဝါဒီများသည် အရင်းရှင်စနစ်ကို နိုင်ငံတော်၏ အဓိကလက်ရုံးများအဖြစ် မြင်သောကြောင့် ဘန်ဂျမင်တက်ကာနှင့် တစ်သီးပုဂ္ဂလမင်းမဲ့ဝါဒီတို့သည် အရင်းရှင်စနစ်လိုလားသော အယူအဆတို့အစား ဆိုရှယ်လစ်စနစ်အပေါ်သာ ယိမ်းခဲ့ကြသည်။ (အချို့သော ခေတ်သစ်တစ်သီးပုဂ္ဂလမင်းမဲ့ဝါဒီများသည် ယခုအသုံးအနှုန်းတွင် လက်ဝါးကြီးအုပ်ထားသော နိုင်ငံတော်ဝါဒီအာဏာရှင်ဆိုရှယ်လစ်များထံမှ “ဆိုရှယ်လစ်စနစ်” ဟူသော ဝေါဟာရကို ပြန်လည်ရယူလိုကြသည်။)
ဘန်ဂျမင်တက်ကာသည် ဝါးရန်း မှ ပရောက်ဒွန်း၊ ပရောက်ဒွန်းမှ မာ့က်စ် အထိ ဆိုရှယ်လစ်အားလုံးကို ပေါင်းစည်းထားသည့် အတွေးအမြင်မျိုးကွဲတစ်ခုကို မြင်ခဲ့သည်ကို အောက်ပါအတိုင်း တွေ့ရသည်။
ထိုကုန်ကျစရိတ်သည် သင့်လျော်သောစျေးနှုန်းကန့်သတ်ချက်ဖြစ်သည်။ ဤလူသုံးယောက်က အောက်ပါနုတ်ယူမှုများ ပြုလုပ်ခဲ့သည်။ သဘာဝလုပ်အားခသည် ၎င်း၏ထုတ်ကုန်ဖြစ်သည်။ ဤလုပ်အားခ သို့မဟုတ် ထုတ်ကုန်သည် တစ်ခုတည်းသော ၀င်ငွေရင်းမြစ်ဖြစ်သည်။ (လက်ဆောင် နှင့် အမွေဆက်ခံခြင်း စသည်ဖြင့်တို့ မပါ) လုပ်အားမှလွဲ၍ အခြားရင်းမြစ်များမှ ဝင်ငွေရရှိသော လူတစ်ဦးချင်း သို့မဟုတ် အဖွဲ့အစည်းများသည် အခြားသူများ၏လုပ်အားမှ ဖန်တီးထားသော စီးပွားရေးတန်ဖိုးအပေါ် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ဖြစ်စေ အားကိုးသည်။ ဤ abstracting လုပ်ငန်းစဉ်သည် ယေဘူယျအားဖြင့် အတိုး၊ ငှားရမ်းခနှင့် အမြတ်၊ စသည့် ပုံစံသုံးမျိုးထဲမှ တစ်ခုဖြစ်သည့်။ ဤသုံးမျိုးသည် အတိုးစား သုံးပါးဖြင့် ဖွဲ့စည်းထားပြီး အရင်းအနှီးအသုံးပြုမှုအတွက် အခွန်ကောက်ခံရန် ရိုးရှင်းသောနည်းလမ်းများဖြစ်သည်။ အရင်းအနှီးသည် ၎င်း၏လစာအပြည့်ရရှိပြီးဖြစ်သည့် ရိုးရှင်းစွာ သိမ်းဆည်းထားသော လုပ်အားဖြစ်သည်။ လုပ်အားသည် စျေးနှုန်း၏ တစ်ခုတည်းသော အခြေခံဖြစ်သည်ဟူသော နိယာမအရ ၎င်း၏အသုံးပြုမှုသည် အခမဲ့ဖြစ်သင့်သည်။ အရင်းအနှီးကို ချေးငှားသူသည် နဂိုအတိုင်းသာ ပြန်ရပိုင်ခွင့်ရှိပြီး ထိုထပ် ပိုမရသင့်။ ဘဏ်လုပ်ငန်းရှင်၊ စတော့ရှယ်ယာရှင်၊ အိမ်ရှင်၊ ထုတ်လုပ်သူနှင့် ကုန်သည်တို့သည် အလုပ်သမားထံမှ အတိုးနှုန်းကို အတိအကျရယူနိုင်သည့် တစ်ခုတည်းသောအကြောင်းရင်းမှာ ၎င်းတို့အား တရားဝင်အခွင့်ထူး သို့မဟုတ် လက်ဝါးကြီးအုပ်မှုဖြင့် ကျောထောက်နောက်ခံပြုထားသည့်အချက်ဖြစ်သည်။ လူသားသည် ၎င်း၏ထုတ်ကုန်တစ်ခုလုံး သို့မဟုတ် သဘာဝလုပ်အားခကို ခံစားခွင့်ရရှိရန် တစ်ခုတည်းသောနည်းလမ်းမှာ လက်ဝါးကြီးအုပ်မှုကို ချေမှုန်းရန်ဖြစ်သည်။ |
ဘန်ဂျမင်တက်ကာသည် နိုင်ငံတော်ဆိုရှယ်လစ်စနစ်နှင့် စျေးကွက်ဆိုရှယ်လစ်စနစ်အကြား ခွဲခြားထားသည်။ သူ၏ တစ်သီးပုဂ္ဂလ ဆိုရှယ်လစ် အစီအစဉ်တွင်
“ဤလက်ဝါးကြီးအုပ်မှုများကို ဖျက်ဆီးခြင်း နှင့် အလွတ်လပ်ဆုံး ပြိုင်ဆိုင်မှုမှ ၎င်းတို့အတွက် အစားထိုးခြင်း ပါဝင်သည်။ [ထို] အတွက် အလွန်အခြေခံကျသော နိယာမများမှာ တစ်ဦးချင်း၏ လွတ်လပ်မှု၊ လူတစ်ဦးချင်းဆီ၏ ကိုယ်ပိုင်အချုပ်အခြာအာဏာ၊ သူ၏ ထုတ်ကုန်များနှင့် သူ၏ တစ်ကိုယ်ရည်တစ်ကာယ ကိစ္စများနှင့်စပ်လျဥ်း၍ ပြင်ပအာဏာပိုင်များ၏ အာဏာရှင်ဆန်မှုတို့အား ဆန့်ကျင်ပုန်ကန်မှုတို့ပင်ဖြစ်သည်။” ဟုဆိုသည်။
လက်ဝါးကြီးအုပ်မှုများကို ဖျက်သိမ်းခြင်း (ဆိုလိုသည်မှာ၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှု) ဆိုရာတွင် “အလုပ်သမား တရားမျှတမှုအတွက် တိုက်ပွဲဝင်ရန်”မှာ ဘန်ဂျမင်တက်ကာနှင့် သူ၏မစ်ရှင်အတွက် အဓိကပန်းတိုင် ဖြစ်လာခဲ့သည်။
သူ့အပေါ် အကြီးမားဆုံးလွှမ်းမိုးမှုနှစ်ခုဖြစ်သော ဝါးရန်း၊ ပရောက်ဒွန်း တို့နှင့် ပတ်သတ်ပြီး ဘန်ဂျမင်တက်ကာ က အောက်ပါအတိုင်း ရေးသားခဲ့သည်။
လူတိုင်းသည် သူတို့၏ လုပ်အားအတွက် တရားမျှတမှုရရှိစေရန် ကြိုးစားသောအခါတွင် အုပ်စိုးသူလူတန်းစားသည် လူတန်းစားလက်ဝါးကြီးအုပ်စုမှုဖြင့် မတရားသဖြင့် ထိန်းချုပ်ထားကြောင်း သူတို့သဘောပေါက်ကြသည်။ ဤအင်အားကြီးအုပ်စုများသည် တာဝန်ခံများထံမှ ၎င်းတို့၏အာဏာကို ရရှိကြသည်ကို သူတို့မြင်သည်။
ထို့ကြောင့် လူတိုင်းအတွက် ပိုဆိုးစေမည့် တာဝန်ခံများကို ပိုမိုအားကောင်းစေမည့်အစား အရင်းအမြစ်တစ်ခုမှလာသော စွမ်းအားအားလုံးကို ဖယ်ရှားရန် ဆုံးဖြတ်ခဲ့ကြသည်။ သူတို့သည် လူတိုင်းအတွက် လွတ်လပ်မှုကို ယုံကြည်ပြီး လူတိုင်း မျှမျှတတ ယှဉ်ပြိုင်နိုင်သည့် စနစ်တစ်ခုကို ဖန်တီးလိုကြပြီး လူအနည်းငယ်သာ ထိန်းချုပ်ထားခြင်းနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ |
ဘန်ဂျမင်တက်ကာသည် မာ့က်စ်နှင့် အာဏာရှင်ဆိုရှယ်လစ်များ၏ အမြင်ကို “လူတစ်ဦးချင်းစီ၏ ကိစ္စရပ်အားလုံးကို အစိုးရမှ စီမံခန့်ခွဲသင့်သည်ဟူသော အယူဝါဒ” ဟု သတ်မှတ်ကာ ပယ်ချခဲ့ပြီး တစ်သီးပုဂ္ဂလဝါဒီများ၏ အမြင် (အဓိကအားဖြင့် ဝါးရန်း နှင့် ပရောက်ဒွန်း) တို့ကို အောက်ပါအတိုင်း လိုက်နာခဲ့သည်။
လူတစ်ဦးချင်းထံမှ အရင်းအနှီးကို ဖယ်ထုတ်ပြီး အစိုးရထံ ပေးအပ်ရန် စိတ်ကူးကဲ့သို့ပင် မာ့က်စ်သည် အစိုးရကို အရာရာနှင့် တစ်ဦးချင်း ဘာမှမဖြစ်စေဘဲ အဆုံးသတ်သည့် လမ်းကြောင်းတွင် စတင်ခဲ့သည်။ အစိုးရ၏ အကာအကွယ်နှင့် အရင်းအမြစ်များကို လူတိုင်းပိုမိုလက်လှမ်းမီနိုင်စေမည့် စီးပွားရေးလုပ်ငန်းများမှ စီးပွားရေးပါဝါကို ရွှေ့ပြောင်းခြင်းဆိုင်ရာ အယူအဆသည် Warren နှင့် Proudhon ကဲ့သို့သော တွေးခေါ်ရှင်များကို နောက်ဆုံးတွင် တစ်ဦးချင်းလွတ်လပ်မှု အမြင့်ဆုံးစိုးစံပြီး အစိုးရ၏အခန်းကဏ္ဍကို နည်းပါးသွားစေသည့် လူ့အဖွဲ့အစည်းကို အဆုံးစွန်ထိ မျှော်မှန်းထားသည့် လမ်းကြောင်းတစ်ခုသို့ ပို့ဆောင်ပေးခဲ့သည်။ အကယ်၍ လူတစ်ဦးတစ်ယောက်သည် သူ့ကိုယ်သူ အုပ်ချုပ်ပိုင်ခွင့်ရှိလျှင် ပြင်ပအစိုးရအားလုံးသည် အာဏာရှင်ဆန်သည်။ ထို့ကြောင့် နိုင်ငံတော်ကို ဖျက်သိမ်းရန် လိုအပ်သည်။ |
နိုင်ငံရေးတွင် ခြေကုပ်ယူထားသည့် အထက်တန်းလွှာ အနည်းငယ်၏ လက်ထဲသို့ စီးပွားရေး လုပ်ကိုင်ခြယ်လှယ်ခွင့်နှင့် အရင်းအမြစ်များကို စုဝေးရောက်ရှိစေသော နိုင်ငံတော်၏ ဖန်တီးမှုဖြစ်သည့် စီးပွားရေးလုပ်ကိုင်ခွင့်နှင့် စီးပွားရေးဆိုင်ရာ စည်းမျဉ်းများသည် ပြိုင်ဆိုင်မှုကို ဟန့်တားစေသည်။ မာ့က်စ်နှင့်အလားတူ ဘန်ဂျမင်တက်ကာသည်လည်း အရင်းရှင် အမြတ်ထုတ်မှုကို ဖြစ်ပေါ်စေသော နိုင်ငံတော်၏ အာဏာပိုင်မှုကို မှန်ကန်စွာ ကန့်ကွက်ခဲ့သည်။
ထိုအခွင့်အာဏာကို ငြင်းပယ်ခြင်းဆိုသည်မှာ လူတစ်ဦးချင်းစီ၏ ကိစ္စရပ်အားလုံးကို တစ်ဦးချင်းနှင့် စေတနာအလျောက် အသင်းအဖွဲ့များက စီမံခန့်ခွဲသင့်ပြီး နိုင်ငံတော်ကို ဖျက်သိမ်းသင့်သည်ဟု ဖော်ပြခြင်းပင်၊ ၎င်းသည်ပင် မင်းမဲ့ဝါဒ ဖြစ်သည်။
ဘန်ဂျမင်တက်ကာသည် နှင့် သူ၏ “အကြောက်အလန့်မဲ့ ဂျက်ဖာစင်ဝါဒ” သည် ထို သူ၏ကိုယ်ပိုင် မင်းမဲ့ဝါဒ ဒဿနအတွက် လမ်းကြောင်းတစ်ခုအဖြစ် လုပ်ဆောင်ပေးသည့် Liberty: Not the Daughter but the Mother of Order ဟု အမည်ရသော 1881 ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် စာစဥ်မှတစ်ဆင့် ပေါက်ဖွားလာသည်။ ထို မင်းမဲ့ဝါဒ ဒဿနသည် အလုပ်သမားအကျိုးလိုလားမှု၊ စျေးကွက်လိုလားမှုနှင့် အတ္တဝါဒီ အတွေးအမြင်တို့ကို ဝါးရန်း (Josiah Warren)၊ Pierre-Joseph Proudhon (ပရောက်ဒွန်း)၊ စပန်ဆာ (Herbert Spencer)၊ နှင့် မက်စ်စတိုင်နာ (Max Stirner) တို့မှတစ်ဆင့် လွှမ်းမိုးမှုရှိခဲ့ပြီး အမေရိကန် ရယ်ဒီကယ် နိုင်ငံရေး အခင်းအကျင်းတွင် တစ်သီးပုဂ္ဂလ အစဉ်အလာနှင့် လစ်ဘာတားရီယန်း လှုပ်ရှားမှုကို ထာဝစဉ် ပုံဖော်ပေးမည့် ဟောပြောချက်ဆိုင်ရာ ပလက်ဖောင်းတစ်ခု ဖြစ်ခဲ့သည်။ လွတ်လပ်သောတွေးခေါ်မှု၊ လွတ်လပ်သောမေတ္တာနှင့် အလုပ်သမားလှုပ်ရှားမှုများကြားတွင် ကျော်ကြားပါသော Lysander Spooner၊ Auberon Herbert၊ Joshua K။ Ingalls၊ John Henry Mackay၊ Victor Yarros နှင့် Wordsworth Donisthorpe တို့ကဲ့သို့ သြဇာကြီးသော ရယ်ဒီကယ်များသည်ပင် ဘန်ဂျမင်တက်ကာ၏ လေဘာတီ စာစဥ်နှင့် ပေါင်းစည်းခဲ့ကြသည်။ မဂ္ဂဇင်းသည် ဆယ်စုနှစ် သုံးခုကျော်အတွင်းရှိ ရယ်ဒီကယ် တစ်သီးပုဂ္ဂလဝါဒီ အစဉ်အလာ၏ အချေအတင် ဆွေးနွေးမှုများနှင့် အငြင်းပွားမှုများအားလုံးကို မှတ်တမ်းတင်ဖန်တီးခဲ့ပြီး Wendy McElroy ၏အဆိုအရ “ပြန်လည်အသက်ဝင်လာသော လှုပ်ရှားမှုတစ်ခုကို အညှောက်ပေါက်စေနိုင်ပြီး ကြီးထွားနိုင်မည့် အဓိကအချက်ကို ပံ့ပိုးခဲ့သည့်အရာ” ဖြစ်သည်။ ပြည်တွင်းစစ်အယူအဆကွဲလွဲမှုများကြောင့် သင်းကွဲဖြစ်ကာ ဘေးထွက်နေကြသည့် တစ်သီးပုဂ္ဂလဝါဒီအုပ်စုများကို စုစည်းခြင်းဖြင့်၊ ဘန်ဂျမင်တက်ကာ နှင့် သူ၏ “လေဘာတီ” စာစဥ် တို့သည် အမေရိကန် လစ်ဘာတားရီယန်းလှုပ်ရှားမှု၏ ပြန်လည်နိုးထမှုတွင် အရေးပါခဲ့ပြီး ၂၀ ရာစုတွင် အောင်မြင်မှုနှင့် တိုးတက်မှုအတွက် အကျိုးထူးစေခဲ့ပြန်သည်။
လွတ်လပ်စွာတွေးခေါ်မှုကို ကိုယ်စားပြုသော Boston Investigator သတင်းစာမှ “မစ္စတာတက်ကာ တွင် စွမ်းရည်၊ နယ်ပယ်၊ ရယ်ဒီကယ်အတွေးအမြင်နှင့် လွတ်လပ်မှုတို့ရှိခြင်းကြောင့် စိတ်ဝင်စားနှစ်လိုဖွယ်ကောင်းသော စာတမ်းတစ်စောင်ကို ဖန်တီးနိုင်မည်” ဟု ၁၈၈၁ ခုနှစ်တွင် မှတ်ချက်ပေးကြိုဆိုခဲ့သည်။ စာစဥ်သည်လည်း မျှော်မှန်းထားသည်ထက် ကျော်လွန်သည့် အောင်မြင်မှုရရှိခဲ့ပါသည်။
သို့သော် ၁၉၀၈ ခုနှစ်တွင် လေဘာတီ အယူအဆသည် ၎င်း၏ အရေးပါမှုအား ပျောက်ဆုံးသွားခဲ့ရသည်။ ၁၉၃၀ တွင် လေဘာတီ ကို ပြင်းပြင်းထန်ထန် ယုံကြည်သော ကျွန်ုပ်၏အနှစ်သက်ဆုံး တွေးခေါ်ရှင်ပင်လျှင် လွတ်လပ်မှုသည် အဖိုးတန်သော အကြံအစည်တစ်ခု ဖြစ်သေးသလားဟု သံသယဝင်လာသည်ဟု အောက်ပါအတိုင်း ဖတ်ရဖူးသည်။
မင်းမဲ့ဝါဒီလူ့အဖွဲ့အစည်းတစ်ခုရရှိရန် အဓိကအတားအဆီးမှာ အင်အားကြီးကော်ပိုရေးရှင်းများ၏ လွှမ်းမိုးချုပ်ကိုင်ခြင်းမဟုတ်တော့ဘဲ ကျွန်ုပ်တို့၏လက်ရှိယဉ်ကျေးမှုသည် မကြာမီပြိုလဲတော့မည်ဆိုသည့် ငြင်းမရနိုင်သော အထောက်အထားများဖြစ်သည်။ ဤကျဆင်းမှုအတွက် အချိန်ကာလအပိုင်းအခြားသည် မသေချာသေးသော်လည်း (ရာစုနှစ်များ သို့မဟုတ် ဆယ်စုနှစ်တစ်ခုအထိ တိုတောင်းနိုင်သည်) ဧကန်ဖြစ်မည်မှာ မြေကြီးလက်ခပ်မလွဲ။ လူသားမျိုးနွယ်သည် စနစ်၏ အဖျက်စွမ်းအားများနှင့် အမှောက်ပယောဂအောက် ပြားပြားဝပ်ကျရောက်ရလေသည်။
|
ကိုးနှစ်အကြာတွင် ဘန်ဂျမင်တက်ကာသည် လွတ်လပ်ရေးမီးတောက် အပြီးတိုင် လောင်ကျွမ်းမှု ရပ်တန့်သွားပြီဟု ယုံကြည်ကာ ကွယ်လွန်သွားခဲ့သည်။ ၁၈၈၁ ခုနှစ်က တက်ကာ၏ အတွင်းမီးပွား ပြန်လည်နိုးထစေခဲ့မှုနှင့် တည်ရှိစေခဲ့မှုတို့ကို အကြွေးတင်နေသည့် လေဘာတားရီယန်းလှုပ်ရှားမှုသည် အနှစ်တစ်ရာနီးပါးကြာပြီးနောက်တွင် ၎င်း၏ရယ်ဒီကယ်ဆန်မှုနှင့် လွတ်လပ်သောမီးတောက်ကို မည်သည့်အခါမျှ လောင်ကျွမ်းမှု ထပ်မံမရပ်တန့်သွားစေရန် ကျားကန်ကန်သွားကြမည်ဟု ကျွန်ုပ်မျှော်လင့်ပါသည်။