အတ္တပဓာန မင်းမဲ့ဝါဒ (အတ္တာဓိက မင်းမဲ့ဝါဒ) ၏ သမိုင်းကြောင်း
By abc. Original article: History of Egoist Anarchism, published on November 30, 2022. Translated into Burmese by Hein Htet Kyaw. “အတ္တဝါဒီ” ဟူသော ဝေါဟာရသည် ဒဿနိကဗေဒ၊ လူမှုရေးတွေးခေါ်မှုသမိုင်းအပြင် နိုင်ငံရေးအယူဝါဒများတွင်ပါ မကြာခဏ ပေါ်ထွက်ခဲ့ပါသည်။ သို့ရာတွင်၊ အတ္တဝါဒ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ ၎င်း၏အသုံးပြုမှုများနည်းတူ ကွဲပြားမှုများနှင့် ရှင်းလင်းချက်များစွာ ရှိနေပြီး တစ်ခုနှင့်တစ်ခု အတော်လေး ကွဲလွဲလျက်ရှိသည်။ ထို့ကြောင့် အတ္တဝါဒအကြောင်း လေ့လာဖတ်ရှုသည့်အခါ ကျွန်ုပ်တို့ ပြောဆိုနေသည့် အတ္တဝါဒ အမျိုးအစားကို ခွဲခြားသိမြင်ရန် အရေးကြီးပေသည်။ အတ္တဝါဒီ ဒဿနိကဗေဒသည် ယေဘူယျအားဖြင့် မိမိကိုယ် (ဆိုလိုသည်မှာ ကိုယ်ပိုင်အကျိုးစီးပွားများ) သည် ကျင့်ဝတ်ဆိုင်ရာ စံနှုန်းများနှင့် လုပ်ဆောင်ချက်များ၏ အဓိကရင်းမြစ် ဖြစ်သည်ဟု ယူဆသည့် မည်သည့် အတွေးအခေါ်ကျောင်းတော် အယူအဆကိုမဆို ရည်ညွှန်းပြီး၊ လူမှုရေးစံနှုန်းများ သို့မဟုတ် အခြားအခြေခံမူများကဲ့သို့သော ပြင်ပအချက်များကို ပယ်ချကာ အစားထိုးပါသည်။ ရလဒ်အားဖြင့်၊ အတ္တဝါဒီ မင်းမဲ့ဝါဒီများ၏ တွေးခေါ်မှုဆိုင်ရာကျောင်းများသည် ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်မြောက်မှုနှင့် မည်သူမည်ဝါ၏ လက်အောက်ငယ်သား […]