လွတ်လပ်သော စျေးကွက်ဘောဂဗေဒ၏ လက်ဝဲ သီအိုရီ အကျဉ်းချုပ် နိဒါန်း- အပိုင်းတစ်
Nick Manley. Original: Brief Introduction To Left-Wing Laissez Faire Economic Theory: Part One, May 7, 2014. Translated by Hein Htet Kyaw. ဤသီအိုရီကို လက်ဝဲယိမ်းစျေးကွက်စီးပွားရေးမင်းမဲ့ဝါဒ သို့မဟုတ် laissez faire ဆိုရှယ်လစ်ဝါဒဟုခေါ်သည်။ ၎င်းသီအိုရီ၏အခြေခံထောက်ပြမှုမှာ အရင်းရှင်စနစ်သည် နိုင်ငံတော်အခြေပြုဝါဒတစ်ခုဖြစ်ပြီး အမှန်တကယ် လွတ်လပ်သောစျေးကွက်စီးပွားရေးစနစ်သည် ဘယ်သောအခါမှမရှိခဲ့ဘူးသေးဟူ၍။ စစ်မှန်လွတ်လပ်သောစျေးကွက်စီးပွားရေးသည် အလုပ်သမားအတွက် ပိုမိုကောင်းမွန်သောအခြေအနေများ ပိုမိုဖြစ်ပေါ်စေပြီး နှိုင်းရတန်းတူညီမျှမှု ပို၍ရှိလာမည်ဟု ခံယူချက်ရှိကြသည်။ ပထမဆုံး ဆွေးနွေးရမည့်အရာမှာ ကွယ်လွန်သူ တစ်သီးပုဂ္ဂလဝါဒီ မင်းမဲ့ဝါဒီ ဘင်ဂျာမင်တက်ကာမှ ဖော်ထုတ်ခဲ့သော လက်ဝါးကြီးအုပ်မှုကြီး လေးခုဖြစ်သည်။ ၎င်းတို့ကို သူ၏ကျော်ကြားသော ဆောင်းပါးတစ်ခုဖြစ်သည့် “နိုင်ငံတော် ဆိုရှယ်လစ်ဝါဒနှင့် မင်းမဲ့ဝါဒ- သူတို့၏သဘောတူပုံ၊ ကွဲပြားသည့်နေရာ” တွင် ဖော်ပြထားပါသည်။ ၎င်းလက်ဝါးကြီးအုပ်မှုကြီး လေးခုတို့မှာ ငွေကြေးလက်ဝါးကြီးအုပ်မှု၊ မြေယာလက်ဝါးကြီးအုပ်မှု၊ အကောက်ခွန်လက်ဝါးကြီးအုပ်မှုနှင့် မူပိုင်ခွင့်လက်ဝါးကြီးအုပ်မှု (သို့မဟုတ်) ဉာဏပစ္စည်းလက်ဝါးကြီးအုပ်မှုများဖြစ်သည်။ တစ်ခုချင်းစီကို အလှည့်ကျ စဉ်းစားကြပါစို့။ လက်ဝါးကြီးအုပ်မှု အမှတ်စဥ် (၁) ‘ငွေလက်ဝါးကြီးအုပ်ခြင်း’ ဟူသော အယူအဆသည် အချို့သောလူများ (သို့မဟုတ်) […]